2022 ခုနှစ် အတွက် BCIM Award ဆုတံဆိပ် (Best Companies to Work in Myanmar Award) Global Technology Group မှ ထိုက်တန်စွာ ရရှိခြင်း

Deloitte ကုမ္ပဏီ ကြီးနှင့် JOBNET တို့မှ အမှီအခိုကင်းကင်း လွတ်လပ်စွာ အကဲဖြတ်အဆုံး အဖြတ်ပေးခဲ့သည့် 2022 BCIM Award2022 Employee’s Choice Award များကို မြန်မာနိုင်ငံ အတွင်းရှိ ကုမ္ပဏီကြီးများ အနက် Global Technology Group မှ ထိုက်တန်စွာ ဆွတ်ခူးရရှိကြောင်း သတင်းထုတ်ပြန်အပ်သည်။

[ရန်ကုန်၊မြန်မာ၊ စက်တင်ဘာလ ၂၀၂၂] The Best Company to work in Myanmar(BCIM) အစီအစဉ်သည် မြန်မာနိုင်ငံတွင်အလုပ်လုပ် ရောက်လုပ်ကိုင်ရန် အကောင်းဆုံးကုမ္ပဏီဆု (BCIM Award) များအား ချီးမြှင့်ပေးအပ်ခဲ့ရာ ယခု ၂၀၂၂ နှစ်တွင်လည်း ဆုရရှိသော ကုမ္ပဏီကြီးများကို ၁၅ စက်တင်ဘာ ၂၀၂၂ မှာကြေငြာခဲ့ပါသည်။ BCIM Campaign ကို JobNet.com.mm Myanmar မှ အမှီအခိုကင်းမဲ့သော campaign platform အဖြစ်ဆောင်ရွက်ခဲ့ပြီး Employee’s Choice Award များကို မြန်မာပြည်တွင်းရှိ ကုမ္ပဏီကြီးများ၏ employee engagement score များဖြင့် အကဲဖြတ်အဆုံး အဖြတ်ပေးခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါ Award ကို ပါဝင်ယှဉ်ပြိုင်သော ကုမ္ပဏီကြီးများ အနေဖြင့် မေးခွန်း အခု ၇၀ ပါ Anonymous online employee survey အား ဝန်ထမ်းများမှ ဖြေဆိုပေးရမှာဖြစ်ပြီး survey ရလဒ်များကို Deloitte က စစ်ဆေးပေးထားကာ Official Chamber Partner အနေဖြင့် British Chamber of Commerce Myanmar နှင့် Official Media Partner အနေဖြင့် CEO Magazine, Myanmar Business Today, Myanmar Insider တို့က ပါဝင်ထားတာပဲ ဖြစ်ပါတယ်။

အဆိုပါ BCIM Survey ကို 1) Company Purpose and Strategic Alignment; 2) Management and Leadership ;3) My Work; 4) Communication and Teamwork; 5) Personal Growth and Development Opportunities; 6) Recognition, Reward and Benefits; 7) Work Environment ဟူသော အချက်အလက် ၇ချက်အပေါ်မူတည်ပြီးတိုင်းတာထားတာဖြစ်ပြီး program ရဲ့ ရည်ရွယ်ချက် အနေနဲ့ကတော့ ဆုရရှိတဲ့ ကုမ္ပဏီတွေအနေဖြင့် စံသတ်မှတ်ချက်တခုကို စျေးကွက်မှာ ချပြနိုင်မှဖြစ်ပြီး၊ နောင်လာမည့် အခွင့်အလမ်းသစ်များ၊ ကုမ္ပဏီ နှင့် ၎င်းတို့၏ ဝန်ထမ်းများအကြား employee engagement နှင့် စိတ်ကျေနပ်စေမှုများ တိုးပွားလာစေဖို့ ရည်ရွယ်တာပဲ ဖြစ်တယ်လို့ JobNet.com.mm Myanmar ကဖော်ပြထားပါတယ်။

Global TechnologyManaging Director ဦးမင်းဆွေလှိုင် က “BCIM Award ကို ရရှိလိုက်ခြင်းအနေနဲ့ ကျတော်တို့ ကုမ္ပဏီဟာ ပျော်ရွှင်ဖွယ်ကောင်းပြီး ခင်မင်ရင်းနှီးမှုများဖြင့် လှိုက်လှိုက်လှဲလှဲရှိတဲ့ လုပ်ငန်းခွင်တစ်ခုပဲ ဖြစ်တယ်ဆိုတာအပြင် ဝန်ထမ်းတွေအနေနဲ့လည်း တစ်ဦးနှင့် တစ်ဦး မျှဝေခြင်း၊ ဂရုစိုက်ခြင်း၊ အခက်အခဲများ ရှိလာလျှင်လဲ ကြံ့ကြံ့ခံနိုင်ခြင်း တို့ ကိုပေါ်လွင်စေပြီး ကုမ္ပဏီရဲ့ Innovative, Learning and Agility culture ကိုလဲ ထင်ဟပ်စေပါတယ်လို့ ” ဟုပြောကြားသွားခဲ့ပါတယ်။

Global TechnologyCHAIRMAN ဦးရှိန်းသူအောင် ကလည်း “BCIM AWARD ဟာ ၂၀၂၂ အတွက် ကျတော်တို့ ကုမ္ပဏီရဲ့ milestones တစ်ခုဖြစ်ပါတယ်။ တိုးတက်မှုတွေကို စဉ်ဆက်မပြတ် ရှာဖွေစေခြင်း၊ ဝန်ထမ်းများကို တိုးတက်စေနိုင်ရန် အခွင့်အလမ်းများဖန်တီးပေးခြင်း အပြင် အခုလိုမျိုး VUCA world ( Volatility, uncertainty, complexity, ambiguity world ) မှာ Job security ပေးနိုင်မှု အစရှိတာတွေဟာ GTG အနေဖြင့် လူမှူအသိုင်းအဝိုင်းကို ပေးနေတဲ့ commitment တစ်ခုပဲ ဖြစ်ပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။

Global TechnologyCEO ဦးသိန်းသန်းတိုးက “ Business continuity နဲ့ sustainability ဆိုတာကျတော်တို့ ကုမ္ပဏီရဲ့ အသက်ဝင် တန်ဖိုးထားရတဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ အများအားထားရတဲ့ Internet Service Provider နှင့် Digital Player ကုမ္ပဏီ တစ်ခုအနေနဲ့ GTG က လူနေမှု အသိုင်းအဝိုင်းရှိ စီပွားရေးလုပ်ငန်များ ဆက်လက်ရပ်တည်စေနိုင်ဖို့ နှင့် ကုမ္ပဏီရှိဝန်ထမ်းများအား ပိုမိုထက်မြတ်လာစေဖို့ အတွက် ပံပိုးကူညီပေးခြင်း၊ အမြဲအတူတကွရှိပေးခြင်း တို့ကို စဉ်ဆက်မပြတ် ကြိုးစား ဆောင်ရွက်လျက် ရှိပါတယ်။

Source: https://www.jobnet.com.mm/employers/blog/press/2022-companies-work-myanmar-reveals-year-winners

Share:

Warning: Array to string conversion in /www/wwwroot/globalnet.com.mm/wp-content/themes/globalnet/functions.php on line 119
ArrayFacebookLinkedIn

Related Post

Google Workspace How it done
Google Workspace How it...

Google Workspace ၏ Team ...

GlobalNet SD-WAN Service
GlobalNet SD-WAN Service

အင်တာနက် အမြန်ဆုံး ဆုတံဆိပ်ရ GlobalNet ...

1st International Gate Way From Myanmar to Globe
1st International Gate Way...

GlobalNet သည် 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐆𝐚𝐭𝐞𝐰𝐚𝐲 ...