Global Technology Group Won The Best Companies to Work in Myanmar – Employee’s Choice Award 2024

The Best Company to Work in Myanmar (BCIM) 2024 has been awarded to Global Technology, a prominent player in Myanmar’s technology sector. This prestigious award, presented by BCIM, recognizes Global Technology’s outstanding contributions to the workplace environment and its commitment to employee satisfaction. The company has earned this accolade for the years of 2023, 2022 and 2020, demonstrating its consistent dedication to creating an exceptional work atmosphere.


Global Technology Group excels in providing a wide range of services in the ICT sector, including voice and data communications, local infrastructure, cloud computing solutions, and technology consultancy. The company focuses on innovative solutions and advancements in areas such as Infrastructure as a Service (IaaS), Platform as a Service (PaaS), and Software as a Service (SaaS). Its commitment to digital development and adherence to global technology standards positions Global Technology as a key contributor to Myanmar’s evolving digital landscape.

Created in 2020, the BCIM Awards was borne out by the need in the market for employee satisfaction and engagement data in Myanmar. The BCIM Awards provide an independent platform for companies to gain key insight and indicators to measure the levels of engagement amongst their white-collar workforce, enabling employers to benchmark their companies against other organisations within similar industries, and empowering them to make informed business decisions.


The BCIM Awards also serves as a recognition platform for organisations with outstanding employee satisfaction scores. Since its inception, the BCIM Awards Program has recognised 48 Winning Companies. This year, 17 Winning Companies join the prestigious Winners Circle.


Participating companies completed the 2024 BCIM online survey, sharing quantitative feedback to a 70-question Employee Engagement survey, providing valuable information and insights on their employee experiences, professional development, and overall job satisfaction. The survey results were verified by Deloitte Myanmar, and companies who achieved the minimum employee engagement score qualified to be recognised as one of the winners for the 2024 Best Companies to Work in Myanmar for a given year.


The acknowledgment received in these prestigious awards underscores the company’s dedication to fostering an environment that encourages professional growth, creativity, and employee well-being. As the company builds on this success, it remains committed to maintaining high standards of excellence and cultivating a positive, collaborative atmosphere that supports the ongoing success of the Global Technology Company in Myanmar.

မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်အကောင်းဆုံးကုမ္ပဏီဆု “ Best Companies to Work in
Myanmar – Employees Choice ” 2024 award ကို စတုတ္ထအကြိမ်မြောက် ထပ်မံရရှိ

မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးကုမ္ပဏီများကို ပေးအပ်သည့် Best Companies to Work in Myanmar (BCIM) Award ကို Global Technology Company က 2024 ခုနှစ်အတွက် ထိုက်တန်စွာ ရရှိကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ ကြေညာအပ်ပါသည်။

Global Technology Company တွင် လက်ရှိလုပ်ကိုင်နေသောဝန်ထမ်းများမှ BCIM Award အတွက် သတ်မှတ်ထားသည့် Survey များကိုဖြေကြားခဲ့ပြီး ထိုSurvey များကို JobNet နှင့် Deloitte မှ စစ်ဆေးအတည်ပြုပြီးနောက် ရွေးချယ်ပေးအပ်ခြင်း ဖြစ်ပါသည်။
ရရှိသည့် ကုမ္ပဏီများကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၀ )ရက်နေ့တွင် JobNet.com.mm မှ ၎င်းတို့၏ Website တွင် တရားဝင် ကြေညာခဲ့သည်။

BCIM Awards သည် ကုမ္ပဏီများအတွက် အဆင့်များကို သိမြင်နိုင်စေရန် စံပြုသတ်မှတ်ပေးသည့်အပြင်
တရားဝင်အတည်ပြုပါတနာဖြစ်သည့် Deloitte ထံမှ ထောက်ခံမှုကို ရရှိခဲ့ပြီး စစ်တမ်း ရလဒ်များကို Deloitte နှင့် အရည်အချင်းပြည့်မီသော အကောင်းဆုံးကုမ္ပဏီများက စီစစ်ပေးထားခြင်းဖြစ်ပါသည်။

၎င်းဆုအတွက် ပါဝင်ယှဉ်ပြိုင်သောကုမ္ပဏီကြီးများအနေဖြင့် 2024 BCIM Online Survey ဖြစ်သည့် မေးခွန်းပေါင်း (၇၀) ပါဝင်သော Employee Engagement Survey တွင် ဝန်ထမ်းများ၏ အတွေ့ အကြုံနှင့်ပတ်သက်၍ ကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို ဖြေဆိုခဲ့ရပါသည်။

BCIM Survey ကို
(၁) Company Purpose and Strategic Alignment
(၂) Management and Leadership
(၃) My Work
(၄) Communication and Teamwork
(၅) Personal Growth and Development Opportunities
(၆) Recognition, Reward and Benefits
(၇) Work Environment ဟူသော အချက်အလက်ပေါင်း (၇) ချက်အပေါ် မူတည်တိုင်းတာခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။
ဆုရရှိသည့် အဖွဲ့အစည်းသည် ဝန်ထမ်းများ၏ စိတ်ကျေနပ်မှုကို အကောင်းဆုံးပံ့ပိုးပေးသည့် ပတ်ဝန်းကျင်ဖြစ်သလို ဦးဆောင်လုပ်ငန်းရှင်များအနေနဲ့ စံနမူနာဖြစ်သည်ဟု JobNet.com.mm က ဖော်ပြထားသည်။

အဆိုပါ The Best Company to Work in Myanmar (BCIM) ဆုကို နှစ်စဉ် ချီးမြှင့်နေကြဖြစ်ပြီး ၂၀၂၀၊ ၂၀၂၂၊ ၂၀၂၃ နှစ်များတွင်လည်း BCIM Award (Best Companies to Work in Myanmar) ဆုကို Global Technology Company က ရွေးချယ်ခံခဲ့ရပါသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးနည်းပညာသမိုင်းတွင် ကမ္ဘာအနှံ့ရှိ နိုင်ငံခြား ဆက်သွယ်ရေးကုမ္ပဏီများနှင့် နည်းပညာပိုင်းဆိုင်ရာဝန်ဆောင်မှုများကို ပထမဆုံး ချိတ်ဆက် ဝန်ဆောင်မှုပေးနိုင်ခဲ့သည့် တစ်ခုတည်းသော မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

Global Technology Company သည် ICT နည်းပညာများဖြစ်သည့် မိုဘိုင်းအသံနှင့် ဒေတာဆိုင်ရာ Infrastructure များ၊ Cloud Computing ဝန်ဆောင်မှုများ၊ IT ဝန်ဆောင်မှုများနှင့် နည်းပညာအကြံပေးခြင်း လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နေသည့်အပြင် နိုင်ငံအနှံ့အပြား၌ Digital စီးပွားရေးစနစ်ဖြစ်ပေါ်လာစေရန် ဦးစားပေးကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကုမ္ပဏီ၏ အခြေခံအဆောက်အအုံ – Infrastructure တစ်ခုလုံး၌ Infrastructure As a Service, Platform As a Service အပြင် Software As a Service ဝန်ဆောင်မှုများပါ ပြုလုပ်ပေးလျက်ရှိပါသည်။

မြန်မာနိုင်ငံတွင် Global Technology Company ၏ ကျယ်ပြန့်သော ဒေတာကွန်ရက်များနှင့် Infrastructure – အခြေခံအဆောက်အအုံများသည် ပြည်တွင်း၌ အဓိက စီးပွားရေးမြို့ကြီးများ၏ ကျောထောက်နောက်ခံအဖြစ် အထောက်အကူပြုပေးလျက်ရှိပြီး မီဒီယာကဏ္ဍတွင်လည်း ရုပ်သံလိုင်းများ ကွန်ရက် တည်ဆောက်ခြင်းနှင့် အရည်အသွေးမြှင့်တင်ခြင်းလုပ်ငန်းများအား ဦးဆောင်ကုမ္ပဏီတစ်ခုအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

ဒီဂျစ်တယ်နယ်ပယ်၌ ရှေ့တန်းရောက်ရှိရန် ကြိုးပမ်းဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့်အပြင် ဆက်သွယ်ရေးနှင့် နည်းပညာ ဝန်ဆောင်မှုအပိုင်းမှာလည်း ခေတ်မှီနည်းပညာများကို မြန်မာနိုင်ငံသို့ ပထမဦးဆုံး ဝန်ဆောင်မှုပေးနိုင်ခဲ့သော ကုမ္ပဏီအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

2024 Best Companies to Work in Myanmar Awards ကို နှစ်စဉ်နှစ်တိုင်း ရရှိခြင်းဟာ ဝန်ထမ်းများ၏ ကျေနပ်လက်ခံမှု (Satisfaction) နှင့် အသိအမှတ်ပြုမှု (Recognition) ကြောင့်ရရှိခြင်းဖြစ်သဖြင့် အထူးပင်ကျေးဇူးတင်ရှိသလို ယခုလိုအောင်မြင်မှုမှတ်တိုင်တွေ ဆက်လက်စိုက်ထူနိုင်အောင် အားလုံးအတူတူကြိုးပမ်းသွားကြဖို့အတွက်လည်း တိုက်တွန်းလိုပါသည်။

Share:

Related Post

Dedicated Internet Access (DIA)
Dedicated Internet Access (DIA)

Upgrade to 𝐃𝐞𝐝𝐢𝐜𝐚𝐭𝐞𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐞𝐭 ...

Cover Over 25,000KM FIBER CABLE ALL MAJOR STATE IN MYANMAR
Cover Over 25,000KM FIBER...

✨ GlobalNet ဟာ မြန်မာနိုင်ငံမှ ...

How to customer support DIA Services
How to customer support...

GlobalNet ၏ Dedicated Internet ...