GlobalNet expands Global Connectivity Network with Submarine Cable AAE 1

GlobalNet proudly announces connection to the new AAE-1 global network which will result in
greater benefits for both partners and clients’ business corporations, and Myanmar’s digital
economy sector.

[Yangon, Myanmar, September 2022] – Myanmar’s #1 Telecommunications Service provider GlobalNet (Global Technology Company) – a market leader in Myanmar with suite of ICT Solutions, backed up by an extensive data network and infrastructure spanning across key business cities and markets in the region, connects to AAE-1 global network which will greatly benefit both partners and clients’ business corporations, and Myanmar’s digital economy sector.


This investment by GlobalNet is essential for Myanmar to keep up with the rapid advancements of the digital era. GlobalNet’s connection to AAE-1 (Asia Africa Europe) submarine cable network is a great strategic connection not only with the data traffic regions: Asia and Europe, but also with East Asia countries such as Singapore, Thailand and Hong Kong. This connection will support and fulfill the great necessity of Myanmar’s economy sector and people’s daily digital lives, especially in the digital business needs and for the digital transformation era.


The AAE-1 cable system is a 25,000km largest submarine cable. Due to being the next generation submarine cable system, it delivers the lowest-latency route between Asia and Europe, with lowest latency service between diversified Carrier Data Centers in Hong Kong (Telecom House, Equinix SG3), Singapore (Global Switch) and France (InterXion MRS1). The investment by GlobalNet (Global Technology Company) connects to the AAE-1 submarine cable system, advancing the network quality for customers– allowing them to directly connect global content providers, global cloud IP transit and global cloud provider servers from countries along the cable system, with the improved internet and global connectivity.


“This connection by GlobalNet to AAE-1 (Asia Africa Europe) submarine cable system is a strategic move because it is not only to the highest data traffic Asia and Europe regions but also to other East Asian countries like Singapore, Thailand and Hong Kong. This (connection) will greatly aid Myanmar people’s daily lives and economy sector with the digital economy needs and the progress of digital transformation,” said U Thit Sein, Chief Technical Officer of Global Technology.


“For GlobalNet (Global Technology Company), Myanmar’s nationwide internet and network services provider, this connection to AAE-1 global network will greatly improve businesses of our partners and customers, and also for Myanmar’s digital economy sector,” said Daw Su Wai,
General Manager of Global Technology.


About Global Technology

Global Technology Group has been providing Telecom, Media, Technology (TMT) services to the telecommunications industry since 2000. Currently, as a market leader for the internet and communications industry, offering Broadband Internet & Telecommunications Infrastructure, Digital Infrastructure services. Additionally, providing various ICT technologies, such as mobile audio and data infrastructure, cloud computing services, IT services, and technological consultation services, to government, public and private businesses. Global Technology Group has been supporting organizations to be pioneers in the current digital era and through the
nationwide data coverage and infrastructure, supporting major business capital and cities. Also served as a leading force behind building infrastructure and upgrading network and cable stations, in the media industry. Global Technology Group is the sole organization that is locally owned and operated that not only is the pioneer provider of advanced technology to Myanmar’s communication and technology industry, but also the first company that implemented cooperation with international communication companies in Myanmar’s communication
technology industry’s history.

GlobalNet မှ သုံးစွဲသူ စီးပွါးရေးလုပ်ငန်းရှင်များနှင့် မြန်မာ့ Digital Economy ကဏ္ဍ အတွက် ထူးခြားစွာ အကျိုးရှိစေမည့် AAE-1 ကမ္ဘာ့ ကွန်ယက်သို့ တိုးချဲ့ ချိတ်ဆက် ထားရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

[ရန်ကုန်၊မြန်မာ၊ စက်တင်ဘာလ ၂၀၂၂] မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အင်တာနက်နှင့် Network ၀န်ဆောင်မှုများ ပေးနေသော ဆက်သွယ်ရေးနှင့် နည်းပညာ အဖွဲ့အစည်းကြီးတစ်ခုဖြစ်သည့် GlobalNet (Global Technology Company) မိတ်ဖက် Partnerများ၊ သုံးစွဲသူစီးပွါးရေး လုပ်ငန်း အားလုံး တို့အတွက် မြန်မာ့ Digital Economy ကဏ္ဍ ကိုပါ ထူးခြားစွာ အကျိုးရှိစေမည့် AAE-1 ကမ္ဘာ့ကွန်ယက်သို့ တိုးချဲ့ ချိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။

GlobalNet အနေဖြင့် Digital Era ခေတ်ရဲ့ မြန်ဆန် လျင်မြန်မှု အရှိန်ကို အမှီလိုက်နိုင်ရန် အထူးလိုအပ်နေသည့် မြန်မာနိုင်ငံအတွက် အရေးပါသည့် ရင်းနှီးမြှပ်နှံမှု တစ်ခုကို ပြုလုပ်လိုက်ခြင်းဖြစ်ပါသည်။ ယခုလို GlobalNet ၏ AAE-1 (Asia Africa Europe) ပင်လယ်ရေအောက် ဆက်သွယ်ရေး ဆက်ကြောင်းသို့ ဝင်ရောက် ချိတ်ဆက်ခြင်းသည် Data Traffic စီးဆင်းမှု အများဆုံး ဖြစ်သည့် အာရှတိုက်နှင့် ဥရောပတိုက် အကြားသာမက အရှေ့အာရှ နိုင်ငံများဖြစ်သည့်
စင်္ကာပူ၊ ထိုင်းနိုင်ငံ ဟောင်ကောင် ဒေသ များနှင့်လည်း မဟာဗျူဟာမြောက် ဆက်သွယ်မှုလည်းဖြစ်သည်။ ဤကဲ့သို ချိတ်ဆက်မှုကြောင့် Digital စီးပွါးရေး လိုအပ်ချက် ၊ Digital Transformation ပြုလုပ်ခြင်း တို့တွင် လိုအပ်ချက် ကြီးမားသည့် မြန်မာ့ စီးပွါရေး နှင့် ပြည်သူလူထု နေ့စဉ်ဘဝ၏ Digital ကဏ္ဍ အတွက် ပိုမို အကူညီဖြစ်စေမည် ဖြစ်သည်။

AAE -1 Submarine Cable သည် ကီလိုမီတာ 25,000 အရှည်ရှိအကြီးဆုံး Submarine Cable စနစ်ဖြစ်သည်။ Next-Generation Submarine Cable System တစ်ခုဖြစ်သည့် အလျောက် အာရှနှင့် ဉရောပ အကြား Lowest Latency (ဆက်သွယ်မှုကြာချိန်) အတိုဆုံး ဆက်သွယ်နိုင်သည့်စနစ်ဖြစ်ပြီး Diversified Carrier Data Center များဖြစ်သောဟောင်ကောင်ရှိ Telecom House၊ Equinix SG3၊ Singapore ရှိ Global Switch, ပြင်သစ်ရှိ InterXion MRS1တို့မှာ အဆုံးသတ်ချိတ်ဆက်ပေးထားကာ အနိမ့်ဆုံး latency service ပေးနိုင်အောင် သွယ်တန်း ချိတ်ဆက်ထားတာပဲ ဖြစ်ပါတယ်။

အဆိုပါ Submarine Cable လမ်းကြောင်း AAE -1 ကို GlobalNet (Global Technology Company) မှ ၀င်ရောက်ချိတ်ဆက်လိုက်ပြီး မှန်ကန်သော ရင်းနှီးမြှပ်နှံမှုများကြောင့် သုံးစွဲသူ Customer များအနေနှင့် ချိတ်ဆက်ထားသောလမ်းကြောင်းရှိ နိုင်ငံများမှ Global Content Provider, Global IP Transit နှင့် Global Cloud Provider အများဆုံး၏ ဆာဗာများနှင့် တိုက်ရိုက်ချိတ်ဆက် သုံးစွဲသလိုဖြစ်တဲ့အတွက် အရည်အသွေး မြင့်မားတဲ့ Internet and Global Connectivity အရည်အသွေးကို တိုးမြှင့် ရရှိနိုင်တော့မှာ ဖြစ်ပါတယ်။

Global Technology ၏ Chief Technical Officer ဦးသစ်စိမ်း ကလည်း “ယခုလို GlobalNet ၏ AAE-1 (Asia Africa Europe) ပင်လယ်ရေအောက် ဆက်သွယ်ရေး ဆက်ကြောင်းသို့ ဝင်ရောက် ချိတ်ဆက်ခြင်းသည် Data Traffic စီးဆင်းမှု အများဆုံး ဖြစ်သည့် အာရှတိုက်နှင့်ဥရောပတိုက် အကြားသာမက အရှေ့အာရှ နိုင်ငံများဖြစ်သည့် စင်္ကာပူ၊ ထိုင်းနိုင်ငံဟောင်ကောင် ဒေသ များနှင့်လည်း မဟာဗျူဟာမြောက် ဆက်သွယ်မှုလည်းဖြစ်သည်။ ဤကဲ့သို ချိတ်ဆက်မှုကြောင့် Digital စီးပွါးရေး လိုအပ်ချက် ၊ Digital Transformation ပြုလုပ်ခြင်း တို့တွင် လိုအပ်ချက် ကြီးမားသည့် မြန်မာ့ စီးပွါရေး နှင့် ပြည်သူလူထုနေ့စဉ်ဘဝ၏ Digital ကဏ္ဍ အတွက် ပိုမို အကူညီဖြစ်စေမည်ဖြစ်သည် ” ဟုပြောကြားပါသည်။

Global Technology ၏ General Manager ဒေါ်ဆုဝေ ကလည်း “မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာနက်နှင့် Network ၀န်ဆောင်မှုများ ပေးနေသော ဆက်သွယ်ရေးနှင့် နည်းပညာ အဖွဲ့အစည်းကြီးတစ်ခုဖြစ်သည့် GlobalNet(Global Technology Company) မိတ်ဖက် Partner များ၊ သုံးစွဲသူစီးပွါးရေး လုပ်ငန်း အားလုံး တို့အတွက် မြန်မာ့ Digital Economy ကဏ္ဍ ကိုပါ ထူးခြားစွာ အကျိုးရှိစေမည့် AAE-1 ကမ္ဘာ့ကွန်ယက်သို့ တိုးချဲ့ ချိတ်ဆက်လိုက်တဲ့အတွက် အားလုံးအတွက် အကျိုးရှိစေမှာပဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

Global Technology အကြောင်း

Global Technology Group သည် မြန်မာ့အမြန်ဆုံး အင်တာနက်ဆုရ ကုမ္ပဏီ တခုဖြစ်ပြီး၊ ဆက်သွယ်ရေး ကဏ္ဍ၏ Telecom, Media, Technology (TMT) အစရှိသည့် ဝန်ဆောင်မှု လုပ်ငန်းများကို ၂၀၀၀ ခုနှစ်မှစတင်၍ နည်းပညာအဖွဲ့အစည်း အဖြစ်စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ အင်တာနက်နှင့် ဆက်သွယ်ရေး နည်းပညာကဏ္ဍ၏ Market Leader အဖြစ် Broadband Internet နှင့် Telecommunications Infrastructure, Digital Infrastructure လုပ်ငန်းများအား နိုင်ငံပေါင်း ၄နိုင်ငံတွင်ရုံးခန်း၁၁ခုဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။ အစိုးရ နှင့် စီးပွားရေးလုပ်ငန်းများသို့ ICT နည်းပညာများဖြစ်သည့် မိုဘိုင်းအသံနှင့်ဒေတာဆိုင်ရာ Infrastructure များ၊ Cloud Computing ဝန်ဆောင်မှုများ၊ အိုင်တီဝန်ဆောင်မှုများနှင့် နည်းပညာအကြံပေးခြင်း လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိ ပါသည်။ နိုင်ငံအနှံအပြား Digital စီးပွားရေးစနစ်ဖြစ်ပေါ်လာစေရန် Global Technology Group အနေဖြင့် ရှေ့တန်းတင် အားထုတ် ဆောင်ရွက်လျက်ရှိပြီး၊ ကုမ္ပဏီရဲ့ Infrastructure တခုလုံးအနေနဲ့ Infrastructure as a service, platform ​as a service အပြင် Software as a service ဝန်ဆောင်မှု များပါပြုလုပ်ပေးလျက် ရှိသည်။

Digital Era တွင် ရှေ့တန်းရောက်ရှိရန် ကြိုးပမ်းဆောင်ရွက်နေသည့် အဖွဲ့အစည်း ဖြစ်သည့်အပြင် မြန်မာနိုင်ငံတွင် စျေးကွက်ဦးဆောင်သူတစ်ဦးအနေဖြင့် Global Technology Group ၏ ကျယ်ပြန့်သော ဒေတာကွန်ယက်များနှင့် Infrastructure များသည် မြန်မာနိုင်ငံအတွင်းရှိ အဓိကစီးပွားရေး မြို့ကြီးများ၏ ကျောထောက် နောက်ခံအဖြစ် အထောက်အကူပြုလျက် ရှိပါသည်။ Media ကဏ္ဍတွင်လည်း မြန်မာနိုင်ငံရှိ ရုပ်သံလိုင်းများ ကွန်ယက် တည်ဆောက်ခြင်းနှင့် အရည်အသွေးမြှင့်တင်ခြင်းလုပ်ငန်းများအား ဦးဆောင်ကုမ္ပဏီတစ်ခုအနေဖြင့် ဆောင်ရွက်ခဲ့ ပါသည်။ ဆက်သွယ်ရေးနှင့် နည်းပညာဝန်ဆောင်မှုပိုင်းတွင် ခေတ်မီနည်းပညာများကို မြန်မာနိုင်ငံသို့ ပထမဆုံး ဝန်ဆောင်မှု ပေးနိုင်ခဲ့သော ကုမ္ပဏီတစ်ခုဖြစ်သည့် အပြင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးနည်းပညာသမိုင်းတွင် ကမ္ဘာအနှံ့ရှိ နိုင်ငံခြား ဆက်သွယ်ရေးကုမ္ပဏီများနှင့် နည်းပညာပိုင်း ဆိုင်ရာဝန်ဆောင်မှုများကို ပထမဆုံး ချိတ်ဆက်ဝန်ဆောင်မှု ပေးနိုင်ခဲ့သော
တစ်ခုတည်းသော မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။

CONTACT INFORMATION
[Name : Mya Noral Tun ] 
[Title : Key Account Manager] 
[Company : Global Technology Company Limited ]
[Email : noral@globalnetmm.com]
[Phone: +959788500072]

Share:

Related Post

Get ready for the future workforce GlobalNet’s AWS Cloud Architect
Get ready for the...

⚡️Get ready for the ...

Systematically Invested Cross-border Terrestrial Communication Networks
Systematically Invested Cross-border Terrestrial...

🌐Systematically Invested Cross-border Terrestrial ...

U Shane Thu Aung, Chairman, Global Technology Company
U Shane Thu Aung,...

On the opportunities for ...