စီးပွားရေးလုပ်ငန်းများအတွက် အထူးသင့်တော်သော GlobalNet ၏ DIA တပ်ဆင်သုံးစွဲ ရန် ဘာကြောင့်လိုအပ်သလဲ

လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်းများအားလုံး Digitalization စနစ်‌များသို့ အချိန်နှင့်တပြေးညီ လျှင်မြန်စွာ ပြောင်းလဲနိုင်ရန်အတွက် လိုအပ်လာသလို Digital Economy ကိုအောင်မြင်စွာ အသွင်ကူးပြောင်းနိုင်ဖို့ လိုအပ်လာပါသည်။ Connectivity Services များသည်လည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လာပြီ ဖြစ်ပါသည်။ ထို့ကြောင့် GlobalNet ၏ Connectivity Services ဖြစ်သော Dedicated Internet Access DIA အင်တာနက် ကို အသုံးပြုခြင်းအားဖြင့် လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်းများကို Digitalization စနစ်သို့ ခေတ်နှင့်အညီ ပြောင်းလဲရာတွင် အထောက်အကူပြုမည်ဖြစ်ပါသည်။

စီးပွားရေးလုပ်ငန်းကြီးများ ဘဏ်ကြီးများ၊ ဟိုတယ်ကြီးများ၊ စူပါမတ်ကတ်ကြီးများ၊ NGOs နှင့် INGOs များ၊ သံရုံးများ၊ International Schools များ၊ ကုမ္ပဏီကြီးများ အစရှိသည့် လုပ်ငန်းများမှာ GlobalNet ၏ Dedicated Internet Access ကို သုံးစွဲရန်အထူးသင့်တော်သော လုပ်ငန်းများဖြစ်ပါသည်။

GlobalNet၏ Dedicated Internet Access ကိုသုံးစွဲရန်အတွက် သင့်တော်သော အဓိကအကြောင်းပြချက် ၈ချက်ရှိပါသည်။အောက်ပါတို့မှာ

1. Features
GlobalNet ၏ Dedicated Internet Access သည် သုံးစွဲသူ Customers များအပေါ် Commercial Grade ဝန်ဆောင်မှုပေးသော non-tariff ၊ non-regulated ဝန်ဆောင်မှုတစ်ခု ဖြစ်ပါသည်။ ၀ န်ဆောင်မှုကို carrier-grade ကွန်ယက်ပေါ်တွင် သယ်ယူပို့ဆောင်ပေးပြီး frame-relay ၊ asynchronous transfer mode (ATM) နှင့် private line သည် DIA ကိုအရှိန်မြှင့်၍ မြန်နှုန်းနှင့် စွမ်းဆောင်နိုင်မှုလက္ခဏာများအကြား synchronous up-stream နှင့် down-stream လုပ်ဆောင်ချက်များကိုပေးပါသည်။

2. Functionality
လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်းများသည် အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် Internet Connectivity ‌ပေါ်တွင် မူတည်နေသည့်အပြင် GlobalNet ၏ DIA Internet ကိုအသုံးပြုပြီး အချိန်နှင့်တပြေးညီ လုပ်ငန်းလည်ပတ်မှုနှင့် လုပ်ငန်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်မှာဖြစ်ပါသည်။

3. Performance
GlobalNet ၏ Dedicated Internet Access DIA သည် သီးသန့် သတ်မှတ်ထားသော Dedicated Bandwidth နည်းပညာအရ တခြားမည်သူနှင့်မျှ Sharing လုပ်စရာမလိုပဲ Dedicated Bandwidth ကိုရရှိမှာဖြစ်သည့် အတွက် မည်သည့်အချိန်မှာမဆို မိမိအသုံးပြုလိုတဲ့ Bandwidth ပမာဏအတိုင်း အပြည့်ရရှိနိုင်မည့် လုပ်ဆောင်ချက်ကို ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။

4. Service Delivery
On-Net Service ဝန်ဆောင်မှုပေးခြင်းနှင့်အတူ GlobalNet၏ DIA Internet တွင်ပါဝင်သော Service Level Agreement သည် network uptime ၊ latency ၊ packet loss စသည့်သတ်မှတ်ချက်များနှင့်အညီ 99.9% သတ်မှတ်ထားပါသည်။

5. Service Availability
အကယ်၍ သင်သည် 100Mbps DIA plan တစ်ခုကို ဝယ်ယူပါက 100Mbps bandwidth ကို 100% လက်ခံရရှိရန် အာမခံပေးထားသည့် အတွက် FTTH 100Mbps connection နှင့် နှိုင်းယှဥ်ပါက ၎င်း FTTH connection သည် မျှဝေသုံးစွဲရသည့် အတွက် အမှန်တကယ်မြန်နှုန်းသည် DIA ကဲ့သို့ 100% ရရှိနိုင်မည်မဟုတ်ပေ။

6. Back End Support
Customers များ၏ စီးပွားရေးလုပ်ငန်းများ အတွက် အမြဲတမ်းလိုအပ်ချက်များကို ဖြည့်ဆည်းရန် GlobalNet ၏ DIA Internetသည် Online နှင့် Customer Service Call Center များအား 24/7 Support ထောက်ပံ့ပေးထားပါသည်။

7. Redundancy
GlobalNet သည် IGW ကို Yangon Metropolitan Area တွင်တည်ဆောက်ခဲ့ပြီး၊ ရန်ကုန် Metropolitan Area (ပဲခူး) ၏အပြင်ဘက်ရှိ IGWDR Site ကို High-end IGW Router နှင့်အတူ fully redundant ဖြစ်သော IGW ကိုတည်ထောင်ခဲ့သည်။ ၎င်းသည် GlobalNet ၏ကိုယ်ပိုင်ဖိုင်ဘာကေဘယ်စနစ် မှတဆင့်နိုင်ငံတကာ အင်တာနက် traffic နှင့်ချိတ်ဆက်ထားပါသည်။

8. Reliability
၀န်ဆောင်မှုအဆင့် သဘောတူညီချက် (SLA) ဆိုသည်မှာ ၀န်ဆောင်မှုပေးသူနှင့် ဖောက်သည်တစ်ဦး အကြား ကတိ ကဝတ်တစ်ခုဖြစ်သည့် အပြင် SLAနှင့် မကိုက်ညီပါက မူလစာချုပ်တွင်ဖော်ပြထားသော အသေးစိတ် အချက်အလက် များကိုအခြေခံ၍ Customers များအား ငွေပြန်အမ်းပေးမည် ဖြစ်သောကြောင့် GlobalNet ၏ DIA Service အပေါ် အပြည့်အဝ ယုံကြည်စိတ်ချနိုင်ပါသည်။ ထို့အပြင် GlobalNetသည် Government license Network Facilities Service(Individual) NFS(I) License (2015) Granted International Gateway (IGW) License (2017) Right of Ways (ROW) License (2017) 2.6 GHz Spectrum License (2017) အစရှိသည့် Licenseများကို ရရှိထားသော Companyကြီးတစ်ခု ဖြစ်ပါသည်။

Share:

Warning: Array to string conversion in /www/wwwroot/globalnet.com.mm/wp-content/themes/globalnet/functions.php on line 119
ArrayFacebookLinkedIn

Related Post

Simple Mail as a Service (Amazon Work Mail)
Simple Mail as a...

လူကြီးမင်းတို့၏စီးပွားရေးလုပ်ငန်းများအတွက် Business Mail သည်လည်း ...

SEE HOW GOOGLE WORKSPACE STACKS UP AGAINST YOUR CURRENT SOLUTION
SEE HOW GOOGLE WORKSPACE...

🖥️အသုံးပြုရရိုးရှင်းလွယ်ကူပြီး productivity မြင့်မားတဲ့ suite ...

𝐆𝐥𝐨𝐛𝐚𝐥𝐍𝐞𝐭 ရဲ့ 𝐃𝐞𝐝𝐢𝐜𝐚𝐭𝐞𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐞𝐭 𝐀𝐜𝐜𝐞𝐬𝐬 (𝐃𝐈𝐀) 𝐒𝐩𝐫𝐢𝐧𝐠 𝐒𝐮𝐦𝐦𝐞𝐫 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧
𝐆𝐥𝐨𝐛𝐚𝐥𝐍𝐞𝐭 ရဲ့ 𝐃𝐞𝐝𝐢𝐜𝐚𝐭𝐞𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐞𝐭...

𝐆𝐥𝐨𝐛𝐚𝐥𝐍𝐞𝐭 ရဲ့ 𝐃𝐞𝐝𝐢𝐜𝐚𝐭𝐞𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐞𝐭 ...